Monday, June 15, 2015

EYE CANDY CAMERA PHOTO EDITOR V 7.5

Photo edit လုပ်ရတာစိတ်ဝင်စားသူတွေအတွက် EYE CANDY CAMERA PHOTO EDITOR ဆိုတဲ့ photo editor
application လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ အပျော်တမ်း photo edit လုပ်ချင်တာပဲဖြစ်ဖြစ်
အလှအပအဖြစ် effect လေးတွေထည့်ချင်တာပဲဖြစ်ဖြစ် ကြိုက်တဲ့နေရာမှာအသုံးပြုနိုင်သလို အသုံးပြုရတာလဲ
လွယ်ကူပါတယ်။ effect လေးတွေကလဲတော်တော်လေးကို မိုက်ပါတယ်။ ရယူလိုသူများအောက်ကလင့်မှာရယူလိုက်ပါ။


eye candy

 

iPhone 6 ကိုတောင် ဆယ်ခါပြန် အားအပြည့်သွင်းလို့ရမယ့် ဘက်ထရီတုံး

 USD Made ဖြစ်တဲ့ Power Vault အမည်ရ ဘက်ထရီခြောက် (Portable Charger) ဟာ လက်တလော နာမည်ကြီးနေပါတယ်။ သူ့ရဲ့ Li-ion ဘက်ထရီက 18000 mAh ပမာဏ ရှိပါတယ်iPhone 6 က 1810 mAh သာ ရှိတာကြောင့် အဲ့ဒီဖုန်းကိုပဲ အားသွင်းရင်တော့ ဆယ်ခါ ဝန်းကျင်လောက် အားအပြည့် သွင်းနိုင်မှာ ဖြစ်ပါတယ်။ အရွယ်အစားကတော့ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း Phablet တစ်လုံး အရွယ်အစားလောက် ရှိပါတယ်။ ယနေ့ မိုဘိုင်းနဲ့ အိုင်တီခေတ်ကြီးထဲမှာ လူတိုင်း ကြုံတွေ့ရတဲ့ ပြဿနာက ဖုန်း အား အလွယ်တကူ ကုန်ဆုံးခြင်း ဖြစ်ပါတယ်။ အသုံးပြုမှုကလည်း အကြိမ်အရေအတွက် များတော့ အားလည်း အကုန်မြန်ပါတယ်။ ဒါကြောင့်မို့ အမြဲ သုံးသူများ အနေနဲ့ Portable ဘက်ထရီများ ကို ဆောင်လာကြရပါတယ်။ ဒါတောင် ဘက်ထရီ အချို့က အရွယ်ကြီးသလောက် အား ခပ်များများ ပါမလာ ပါဘူး။ ပုံမှာ မြင်တွေ့နေရတဲ့ Power Vault ကတော့ အတော်လေး အားများပါတယ်။ ဈေးနှုန်းကတော့ အမေရိကန် ဒေါ်လာ ၃၀ ရှိပြီး International shipping အတွက် ၃၅ ဒေါ်လာ နဲ့ ရောင်းမှာ ဖြစ်ကြောင်း ဆိုပါတယ်။ ဒီတော့ မြန်မာပြည်ကနေ မှာဝယ်ပေးမယ့်သူ ရှိရင် သူ့ဈေးက ၄ သောင်း ဝန်းကျင်အထိပဲ ပေါက်ဈေးရှိနိုင်ပါတယ်။

charger

အွန်လိုင်းကို ဘယ်လို အကျိုးရှိအောင် အသုံးချမလဲ


ရန်ကုန်မြို့မှာမိုဘိုင်းဖုန်းသင်တန်းတက်ရောက်လိုသူများအတွက်
teen-online

ယနေ့ အချိန်ကာလဟာဖြင့် မြန်မာနိုင်ငံမှာ အင်တာနက်ဆိုတာ လူတိုင်းနီးပါး သုံးနိုင်တဲ့ အနေအထားတစ်ခုကို ရောက်ရှိလာပါပြီ။ ဈေးကြီးတယ်ပဲ ပြောပြော၊ လိုင်းမကောင်းဘူးပဲ ပြောပြော လူတိုင်း လက်ထဲမှာ ဖုန်းကိုယ်စီနဲ့ သုံးနေတတော့ အမှန်ပဲ။ နယ်ဘက်တော့ မသိပါ။ ရန်ကုန်မှာတော့ အင်မတန်ကို များနေပါပြီ။ ဒီတော့ အွန်လိုင်းကို ဘယ်လို အကျိုးရှိရှိ အသုံးပြုလို့ရတယ် ဆိုတာ အကြံပေး ပါရစေ။ 
နင် အင်တာနက် သုံးတတ်လားလို့ မေးရင်။ ဟင့်အင်း Facebook ပဲ သုံးတတ်တယ်လို့ ဖြေတဲ့သူက ဖြေပါတယ်။ အမှန်တကယ်က Facebook သုံးတယ် ဆိုတာ Internet အသုံးပြုခြင်းရဲ့ တစ်စိတ်တစ်ပိုင်း သော လုပ်ဆောင်ချက် ဖြစ်ပါတယ်။ ဒါကို ကိုယ်က မသိပဲ စီးမျောနေတော့ မလွယ်ပါဘူး။
မှန်ကန်သော အရင်းအမြစ်များမှ သတင်းအချက်အလက်များကိုသာ စားသုံးစေလို
အရင်ဆုံး အရေးကြီးဆုံး အချက် အနေနဲ့ သတင်းအချက်အလက် ရယူခြင်းကနေ စတင်ချင်ပါတယ်။ Facebook ပေါ်မှာ သတင်း တက်လာတိုင်းလည်း မယုံပါနဲ့။ Facbebook ဆိုတာ သတင်းဖတ်စရာ နေရာလို့ မှတ်ယူထားလို့ မရပါဘူး။ သူက သတင်းများရှိရာကို ညွန်ပေးတဲ့ နေရာဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဒါပေမယ့် လက်ရှိ မြန်မာပြည်ရဲ့ အင်တာနက်လိုင်း အခြေအေနကြောင့် ဘယ် ဝဘ်ဆိုဒ်ကိုမှ မဖွင့်နိုင်ပဲ Facebook ပေါ်ကနေသာ သတင်းအချက်အလက်များကို စားသုံးနေရခြင်း ဖြစ်ပါတယ်။ ဒီတော့ ဒီလိုဖြစ်နေရင်တောင် ကိုယ့် အနေနဲ့ သတင်းမီဒီယာ တွေကို ဖတ်ရှုတဲ့အခါ စိတ်ချ ယုံကြည်ရတဲ့ အရင်းအမြစ်တွေကနေပဲ ယူစေချင်ပါတယ်။ ဥပမာ Eleven Media Group, 7 Days, YoYarLay အစရှိသဖြင့် အပြားပြား ရှိပါတယ်။ လက်ချိုးရေလို့ ရလောက်အောင် ဒေသတွင်းနဲ့ နိုင်ငံတကာ အသိအမှတ်ပြု သတင်းမီဒီယာဆိုတာ မြန်မာပြည်မှာ နည်းနေပါသေးတယ်။ ဒါကြောင့်မို့ ကိုယ်ပိုင် Facebook account များ Page များကို လူတိုင်း လိုက်လုပ်လာပြီး သတင်းများ ထပ်ဆင့် မျှဝေရာကနေ မဟုတ်သတင်းတွေ၊ ဝါဒဖြန့်မှုတွေပါ ပါဝင်လာခြင်း ဖြစ်ပါတယ်။ ကိုယ်က မယုံပေမယ့် ကိုယ့် Wall မှာ ဖတ်ရရင်တော့ ခေါင်းထဲ ဝင်သွားမှာ အမှန်ပါပဲ။ ဒါပေမယ့် ဒီ သတင်းအချက်အလက်ဟာ မှန်ကန်မှု ရှိမရှိကို မိမိရဲ့ စဉ်းစားဆင်ခြင်ဥာဏ်နဲ့ သေချာ သုံးသပ်ရန် လိုအပ် ပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း မဟုတ်မမှန်တဲ့ သတင်းဆိုရင် ထပ်ဆင့် မမျှဝေမိဖို့ အရေးကြီး ပါတယ်။
အင်တာနက်မှာ မိမိရဲ့ လုံခြုံရေး မြင့်တင်စေလို
မိမိရဲ့  Facebook account, Gmail အကောင့်များအပြင် အခြားသော အကောင့်များရဲ့ Password များကို ဘယ်သူနဲ့မှ မမျှဝေမိပါစေနဲ့။ ဖြစ်ပျက်နေတဲ့ သာဓကပေါင်း များစွာ ရှိပါတယ်။ အချို့ဆိုရင် မိမိရဲ့ ဓာတ်ပုံများကို Download ဆွဲပြီးတော့ မြန်မာ ပြည့်တန်ဆာမလေးများ၊ ဘာလေးများ၊ ညာလေများ ဆိုပြီးတော့ Page များ လုပ်လို့ အသရေ ဖျက်တဲ့ ဖြစ်ရပ်များစွာလည်း ရှိပါတယ်။ ဒါကြောင့်မို့ Facebook ပေါ်မှာ မိမိအနေနဲ့ မိတ်ဆွေ သူငယ်ချင်းများကို လက်ခံတဲ့အခါ သတိထားပြီးတော့ လက်ခံရပါမယ်။ မိမိ အနေနဲ့ အကြောင်းအရာ တစ်ခုခုကို ရေးမယ်၊ တင်မယ် ဆိုရင်လည်း ဒီ Post တွေကို ဘယ်သူတွေက မြင်မှာလဲ ဆိုတာကိုလည်း ချင့်ချိန်ရပါမယ်။ မိတ်ဆွေတွေချည်းကို မြင်စေချင်တယ်ဆိုရင် Share with Friends, ကိုယ့်မှာ သီးသန့် ရွေးချယ်ထားတဲ့ Friend တွေကိုပဲ မြင်စေချင်တယ်ဆိုရင် setting အမျိုးမျိုးကို Sharing setting မှာ ဝင်ပြင်လို့ ရပါတယ်။ ဒါတွေကို ကိုယ်ကိုယ်တိုင်ဟာ သိထား၊ လေ့လာထားရန် လိုအပ် ပါတယ်။ ဒါတွေ ဘယ်လိုလုပ်ရမှန်း မသိဘူး ဖြစ်နေတယ်ဆိုရင် နီးစပ်ရာ မိတ်ဆွေ သူငယ်ချင်းတွေကို မေးပါ။ နောက်ပြီးတော့ ကိုယ်ကိုယ်တိုင်ကလည်း Facebook မှာ ပါဝင်တဲ့ ရေးသားထားသမျှ စာတွေ အားလုံးကိုလည်း အချိန်ပေးပြီးတော့ ဖတ်ရှုလေ့လာပါ။ ကျနော်တို့ ကိုယ်တိုင်တောင် ဒါတွေကို ဘယ်သူမှ သင်ပေးလို့ မဟုတ်ပဲ ကိုယ်တိုင် လေ့လာရင်း ကလိရင်းနဲ့ သိလာခြင်း ဖြစ်ပါတယ်။ ဒီတော့ မိမိအနေနဲ့ အကောင့် လုံခြုံရေး အတွက် သေချာလုပ်ရန် လုပ်ရန် လိုသလို အွန်လိုင်းပေါ်မှာ အချက်အလက် တင်မယ်ဆိုရင် ငါဒါ တင်သင့်လား မတင်သင့်လား ဆိုတာကိုလည်း အထူးချင့်ချိန်ရန် လိုအပ် ပါတယ်။
အကယ်၍ တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ ဓာတ်ပုံ၊ အကြောင်းအရာတွေကို ခွင့်မပြုပဲ ဖော်ပြနေပါပြီ။ စော်ကားမှု ပြုနေပြီဆိုရင်လည်း ဒါတွေကို ဖြေရှင်းရန် နည်းလမ်း ရှိပါတယ်။ အကယ်၍ Facebook ပေါ်မှာ တင်တယ်ဆိုရင် ယင်း တင်တဲ့ Account သို့မဟုတ် Page ကို report လုပ်လို့ရပါတယ်။ မိမိ အနေနဲ့ report ကို တစ်ယောက်တည်း ထိုင်လုပ်တာထက် အနည်းဆုံး မိတ်ဆွေ ငါးဦး လောက်နဲ့ ပြုလုပ်သင့်ပါတယ်။ report လုပ်တဲ့ လူအရေအတွက် များလေလေ ယင်း အကြောင်းအရာဟာ ဖျက်ပယ်ခြင်း ခံရရန် မြန်လေလေပဲ ဖြစ်ပါတယ်။ အန္တရာယ်ဆိုတာ မဖြစ်ခင် ကတည်းက ကြိုတင် ကာကွယ်တာ အကောင်းဆုံးပါ။ မိမိရဲ့ သူများ မပြဝံ့တဲ့ ဓာတ်ပုံမျိုးတွေ၊ ဗီဒီယိုမျိုးတွေ၊ စာမျိုးတွေ ရှိနေရင် မလုံခြုံတော့ ပါဘူး။ နည်းပညာ ပစ္စည်းများရဲ့ သားကောင်ဟာ မိမိကိုယ်တိုင် ဖြစ်လာ ပါလိမ့်မယ်။ ချစ်သူ ရည်းစားဖြစ်တိုင်း အယုံလွယ်ပြီး ဓာတ်ပုံ၊ ဗီဒီယိုများ လွတ်လပ်စွာ ရိုက်ခွင့် မပေးပါနဲ့။ ဒါတွေဟာ မိမိအတွက် တစ်ဘဝစာ ဆုံးရှုံး နစ်နာ သွားစေ ပါလိမ့်မယ်။ Privacy, Security ဆိုတာ ကိုယ့်အကောင့်မှာတင် လုပ်ရန် မဟုတ်ပဲ သွားလာတဲ့ အခါ သွားသတိ၊ စားသတိ၊ လာသတိ၊ မြင်သတိ များနဲ့ နေထိုင်ရမှာ ဖြစ်ပါတယ်။
မိမိ အနေနဲ့ Password များ ထားရှိတဲ့အခါ လူတိုင်း လွယ်တကူ ခန့်မှန်းလို့ရတဲ့ Password များ မထားရှိမိပါစေနဲ့။ Password တွေမှာ အရေးအကြီးဆုံးက Email Password ဖြစ်ပါလိမ့်မယ်။ အကယ်၍ မိမိရဲ့ Email Password လုံခြုံရေးသာ ပျက်သွားမယ်ဆိုရင် ယင်း အကောင့်နဲ ချိတ်ထားတဲ့ ဖွင့်ထားတဲ့ ရှိသမျှ အကောင့် အားလုံး ပျက်ဆီး ပါသွား ပါလိမ့်မယ်။ Password ထားမယ်ဆိုရင် မိမိရဲ့ စကားဝှက်တစ်ခုခုနဲ့ မှတ်ရခက်တဲ့ ဂဏန်းများကို ထားရှိသင့်ပါတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်ဟာလည်း ဒါကို မှတ်ထားဖို့ လိုအပ် ပါတယ်။ အနည်းဆုံး ၈ လုံးပါတဲ့ Password ဖြစ်ရပါမယ်။
အကျိုးရှိရာ App လေးများ အသုံးပြုစေလို
အွန်လိုင်းသုံးတယ်ဆိုရင် ကွန်ပြူတာနဲ့ပဲ ဖြစ်ဖြစ်၊ မိုဘိုင်းဖုန်းနဲ့ပဲ ဖြစ်ဖြစ် အကျိုးရှိရာ သုံးရန် App တွေ အများကြီး ရှိပါတယ်။ တစ်ရက် တစ်ရက် Candy Crush, Pirate King, Farm Ville အစရှိသဖြင့် တို့နဲ့ ဆော့နေလို့ အကျိုးရှိတယ်လို့ မဆိုလိုပါဘူး။ သူဟာ Entertainment အဆင့်မှာပဲ ရှိပါသေးတယ်။ မိမိ အနေနဲ့ ပိုပြီးတော့ အကျိုးရှိချင်တယ် ဆိုရင် သတင်းလေးတွေ၊ အင်္ဂလိပ်စာ လေ့လာစရာလေးတွေ၊ ဗဟုသုတ ရှာမှီးစရာလေးတွေ များစွာ များစွာ ရှိပါတယ်။ စာရေးသူဆိုရင် Mashable, Linkedin, Bogger, WordPress, HTML အစရှိသဖြင့် App များ အနေနဲ့ကော ဝဘ်ဆိုဒ် အနေနဲ့ကော များစွာ ဖုန်းထဲကော၊ လပ်တော့မှာပဲ ကြည့်ဖြစ် သုံးဖြစ် ပါတယ်။ Facebook ပေါ်မှာ တစ်နေကုန် ရှိနေလို့ ဘဝအတွက် အကျိုးများစွာ ဖြစ်ထွန်းစေမှာ မဟုတ်ပါဘူး။ တစ်ရက်မှာ အနည်းဆုံး သိစရာ ဗဟုသုတ ဘယ်နှစ်ခုရှိရမယ်ဆိုတဲ့ မှတ်တိုင်မျိုး ထားလို့ လေ့လာ ရှာမှီးစေချင် ပါသေးတယ်။ အကယ်၍ အကျိုးရှိရာ သုံးတယ်ဆိုတာ ဘာကို သုံးတာမှန်းမသိရင် လွယ်ပါတယ်။ Google ထဲကနေ ပြီးတော့ မိမိသိချင်ရာ တစ်ခုခုကို ရိုက်လိုက်ပါ။ သူက နေပြီးတော့ မိမိသိသင့်တဲ့အရာ၊ နေရာကို ချက်ချင်း ညွန်ပြပေးပါလိမ့်မယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ဘယ်ဟာလေးတော့ ကောင်းတယ် ဘယ်ဟာလေးတော့ မကောင်းဘူး အစရှိသဖြင့်တို့က Google ရဲ့ ညွန်ပြပေးမှုကြောင့် သိရှိလာရခြင်း ဖြစ်ပါတယ်။ အဲ့ဒီမှာ English လို ရိုက်ရှာခြင်းဖြင့် လွယ်တကူ သိရှိ နိုင်မှာ ဖြစ်ပါတယ်။
အွန်လိုင်း အခမဲ့ သင်တန်းများ တက်စေလို
Khan Academy, Coursera တို့အပြင် အခြားသော အွန်လိုင်းမှာ နာမည်ကြီးတဲ့ အခမဲ့ သင်တန်းများစွာ ရှိပါတယ်။ သူတို့ကနေ ပြီးတော့ မိမိကိုယ် သင်ပေးနိုင်တဲ့ ဘာသာရပ်က မနည်းပါဘူး။ အင်္ဂလိပ်စာကနေ စလို့၊ စီးပွားရေး ပညာ၊ အိုင်တီပညာ အပြင် အခြားသော အထူးပြုများစွာ ရှိပါတယ်။ IT အတွက်ဆိုရင် Microsoft, Java, Codecademy, Cisco, Juniper တို့ အပြင် အခြားသော အရင်းအမြစ် များစွာလည်း ရှိနေပါသေးတယ်။ ဒါတွေ အားလုံးဟာ အခမဲ့ပါ။ အင်တာနက် ဖုန်းဘေလ်ဖိုးကတော့ မိမိကိုယ်တိုင် ကျခံရန် လိုအပ်ပါတယ်။ ကျနော်တို့ ဆိုရင် ဖုန်းအင်တာနက်လည်း မတက်နိုင်တဲ့ အချိန်အခါတုန်းက ရုံးမှာ အလုပ်ကို ငါးနာရီ ပြီးရင် ရုံးမဆင်းသေးပဲ မိမိလေ့လာချင်တာ လေ့လာဖို့အတွက် အင်တာနက်ကို ဆက်ပြီးတော့ သုံးပါတယ်။ လိုလျှင် ကြံဆ နည်းလမ်းရ ဆိုသလို ပါပဲ မိမိမှာ တကယ် သင်ယူ တတ်မြောက်ချင်တဲ့ စိတ်ရှိရင် အလိုအလျောက်ကို ရှာဖွေ ဆည်းပူး သွားပါလိမ့်မယ်။ ဒီတော့ မိမိမှာ လေ့လာသင်ယူချင်စိတ် ရှိဖို့သာ အဓိကပါ။ ဒါပေမယ့် သိထားရမှာက သူတို့ အများစုဟာ အင်္ဂလိပ်လို ရေးထားခြင်း ဖြစ်တာကြောင့် အင်္ဂလိပ်စာ အရေးအသားများကိုတော့ ဖတ်တတ်ဖို့ လိုအပ် ပါသေးတယ်။
အွန်လိုင်းမှာ အလုပ်အကိုင် ရှာစေလို
အွန်လိုင်းကနေ အလုပ်အကိုင် ရှာလို့ရတဲ့ ဝဘ်ဆိုဒ်တွေ အများကြီး ရှိပါတယ်။ work.com.mm, Myjobs.com.mm တို့လို ဝဘ်ဆိုဒ်များ ရှိပြီး အခြားသော အလုပ်အကိုင်အတွက်တင်ပေးတဲ့ ဝဘ်ဆိုဒ်တွေ အများကြီးရှိပါတယ်။ အဲ့ဒီထဲမှာက Linkedin (www.linkedin.com) ကို လမ်းညွန်ပါရစေ။ သူဟာလည်း ဆိုရှယ်မီဒီယာ တစ်ခုဖြစ်ပေမယ့် ထူးခြားတာက Profile အကောင့်ကို အချက်အလက် အစုံဖြည့်ထားပြီးရင် လုပ်ငန်းရှင်တွေက ကိုယ့်ကိုယ် ဆက်သွယ်လာပြီး အလုပ်အကိုင်နဲ့ ပက်သက်လို့ မေးမြန်းခြင်း၊ ခေါ်ယူခြင်း ဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင် LinkedIn Profile ထားရှိခြင်းကြောင့် နိုင်ငံတကာနဲ့ ယဉ်ဘောင်တန်းတဲ့ ဒေသတွင်းက အလုပ်အကိုင် အခွင့်အလမ်း ကောင်းများ ရရှိပါတယ်။ ဒါကလည်း မိမိမှာ အတွေ့အကြုံ ဘယ်လောက်ရှိတယ်၊ အရည်အချင်း ဘယ်လောက် ရှိတယ် ဆိုတာကို ထည့်သွင်း ဖော်ပြထားဖို့ လိုအပ်ပါတယ်။ သူတို့က အဲ့အချက်တွေကို ကြည့်ပြီး သဘောကျလို့ ခေါ်ယူခြင်း ဖြစ်ပါတယ်။ မိမိ အနေနဲ့ ဒါကြောင့်မို့ ကိုယ်တိုင်လည်း အလုပ်လုပ်ဖူးထားတယ်။ အတွေ့အကြုံရှိတယ်။ တကယ်လည်း ဖော်ပြထားသလို တော်တယ် တတ်တယ် ဆိုရင် အလုပ်အကိုင် အခွင့်အလမ်း အသစ်တွေ ရရှိမှာပါ။ ဒါကြောင့်မို့ Facebook သုံးနေတာတင် မကပဲ အွန်လိုင်းကနေလည်း အလုပ်ရှာတတ်အောင် လုပ်ယူသင့်ပါ သေးတယ်။
အွန်လိုင်းမှာ မိတ်ဆွေကောင်းများ ရှိစေလို
အွန်လိုင်းမှာ မိတ်ကောင်း၊ ဆွေကောင်းများလည်း ရှိသင့်ပါသေးတယ်။ Facebook မှာပဲ ဖြစ်ဖြစ် ဘယ် Social Media ပေါ်မှာပဲ ဖြစ်ဖြစ် မိတ်ဆွေကောင်း ရှာတတ် ထားတတ်ရင် ရှိနိုင်ပါတယ်။ အချို့ဆို ဖူးစာရှာတွေ့တတ်ပါတယ်။ အချို့ကျတော့လည်း လူလိမ်တွေနဲ့ တွေ့တတ်ပါတယ်။ အချို့ကျတော့လည်း ကိုယ့်ကို အန္တရာယ်ပေးတတ်သူများနဲ့ တွေ့ပါတယ်။ မိတ်ဆွေကောင်းကတော့ အပြင်က သိတဲ့သူတွေက ပိုပြီးတော့ စိတ်ချယုံကြည်ရပါတယ်။ အပြင်မှာ တစ်ခါမှ မတွေ့ဖူးတဲ့သူတွေနဲ့ ဖြစ်တယ်ဆိုရင်လည်း စကားပြောတဲ့အခါ ဆင်ခြင် ကြံဆပြီး ပြောရန် လိုအပ်ပါတယ်။ အပြင်မှာ တွေ့ဖို့ ခေါ်တိုင်း သတိ မကပ်ပဲ တစ်ကိုယ်တည်း မသွားမိပါစေနဲ့။ လူသားတွေဟာ အွန်လိုင်းပေါ်မှာ အချိန်ပေးမှု များလာတာကြောင့် ပိုပြီးတော့ အထီးကျန်လာကြ ပါတယ်။ အွန်လိုင်းမှာ မိတ်ဆွေကောင်း ရှိတော့ ကိုယ့်အတွက် အကျိုးရှိရာ link လေးများ၊ အချက်အလက်လေးများ၊ အကြောင်းအရာလေးများကို သူတို့က ရှာဖွေ ကူညီပေးသွား ပါလိမ့်မယ်။ ဒီတော့ ကိုယ့်ဘက်ကလည်း သူတစ်ဖက်သားအတွက် သိရန်၊ ရရန် ကောင်းသည်များကို ရှိတဲ့အခါ မျှဝေပေးသင့်ပါတယ်။
အီးမေးလ် ၂ ရက် တစ်ခါ စစ်ပါ
အမှန်တော့ အီးမေးလ်ကို တစ်ရက် တစ်ခါစစ်သင့်တာပါ။ ဒါပေမယ့် အင်တာနက် အခက်အခဲရှိတယ်ဆိုရင်တော့ ၂ ရက်တစ်ခါ စစ်လည်း အဆင်ပြေပါတယ်။ မင်းသမီး မရွှေဇင်ထိုက်ဟာ သူမရဲ့ ဘဝကို အီးမေလ် တစ်စောင်က ပြောင်းလဲပေးခဲ့ကြောင်းကို Connected Women Conference မှာ သူမ ပြောလို့ သိရှိ နားထောင်ခဲ့ဖူးပါတယ်။ သူမကို အမေရိကန် NGO အဖွဲ့အစည်း တစ်ခုမှ အီးမေလ်းပို့တာကို တွေ့ရှိခဲ့ပြီး နောက်တော့ အမေရိကန်အထိ သွားရတဲ့အပြင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခဲ့ပြီး ယနေ့တော့ လူတိုင်း သိတဲ့ လူမှုရေးလုပ်ငန်း ပြုလုပ်သူ အများလေးစားချစ်ခင်ရတဲ့  ဆရာမကြီး တစ်ဆူ ဖြစ်နေပါပြီ။ ဒါကြောင့်မို့ မိမိ အနေနဲ့ အင်တာနက်သုံးပြီဆိုရင် အီးမေးလ် လေးတော့ အသုံးပြုသင့်ပါသေးတယ်။ အီးမေလ်ကို လုံခြုံအောင် ထားပါ။ ဒီတိုင်းကြီးလည်း မသုံးပဲ မနေပါနဲ့။ လိပ်စာကဒ်တွေမှာ ထည့်သုံးပါ။ ဝဘ်ဆိုဒ်တွေမှာ အချက်အလက်ယူဖို့ Member ဝင်တဲ့အခါ သုံးပါ။ ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေ တက်ရင်လည်း စာရင်းသွင်းတဲ့အခါ ပေးခဲ့ပါ။ ဒီတော့ ကိုယ်ဟာ သတင်းအချက်အလက်များနဲ့ မပျက်တော့ပဲ အခွင့်အလမ်းသစ်များတောင် ပေါ်ပေါက်နိုင်ပါသေးတယ်။ အီးမေးလ်ကို ကွန်ပြူတာပေါ်မှာ mail.google.com မှာ သုံးလို့ရသလို ဖုန်းမှာဆိုရင် Gmail app တို့ကို အသုံးပြုလို့ သုံးနိုင် ပါသေးတယ်။
ဒါကြောင့်မို့ အနှစ်ချုပ်အားဖြင့် အင်တာနက်၊ အွန်လိုင်းကို အကျိုးရှိရှိ အသုံးချဖို့ဆိုရင်
မှန်ကန်သော အရင်းအမြစ်များမှ သတင်းအချက်အလက်များ ဖတ်ရှုခြင်း
အင်တာနက်မှာ မိမိရဲ့ လုံခြုံရေး မြင့်တင်ခြင်း
အကျိုးရှိရာ App လေးများ အသုံးပြုခြင်း
အွန်လိုင်း အခမဲ့ သင်တန်းများ တက်ခြင်း
အွန်လိုင်းမှာ အလုပ်အကိုင် ရှာခြင်း
အွန်လိုင်းမှာ မိတ်ဆွေကောင်းများ ရှိခြင်း
အီးမေးလ် ၂ ရက် တစ်ခါ စစ်ခြင်း
တို့ကို ပြုလုပ်ရမှာဖြစ်ပါတယ်။ အင်တာနက် အွန်လိုင်းဆိုတာ သမုဒ္ဒရာကြီး တစ်ခုသဖွယ် ဖြစ်လို့နေပါပြီ။ သတင်းအချက်အလက်ပေါင်း သိန်းပေါင်း၊ သန်းပေါင်း မြောက်များစွာ ရှိနေပြီ ဖြစ်ပြီး ဒါတွေကို သုံးတတ်ရင်ဆေးစွမ်းပဲ ဖြစ်ပါတယ်။ မိမိဘဝကို လက်ရှိ ရှိရင်းစွဲကနေ ပညာတတ်ကြီး တစ်ယောက် ဖြစ်သွားအောင်အထိ ထောက်ပံ့ပြုပေးသွားနိုင်မယ့် အချက်အလက်များ ဖြစ်ပါတယ်။ ဒါကြောင့်မို့ စာရေးသူ ယခု ပြောတဲ့အချက်တွေမှာတင် မကျေနပ်ပဲ ထပ်ထပ်ပြီးတော့ ဆည်းပူးလေ့လာရန် လိုအပ်ပါကြောင်း တိုက်တွန်းလို့ နိဂုံးချုပ်အပ် ပါတယ်။

 

OnePlus Two ဖုန်းဟာ ဈေးနှုန်းသင့်တင့်တဲ့ အဆင့်မြင့် စမတ်ဖုန်း ဖြစ်လာမလား

OnePlus One တုန်းက ရရှိတဲ့ အောင်မြင်မှုလိုပဲ နောက်ထပ် ထွက်ရှိလာမယ့် OnePlus Two ဟာလည်း ရရှိမယ်လို့ ၎င်းတို့ ကုမ္ဗဏီမှ ယုံကြည်ထားပါတယ်။ သူတို့ရဲ့ မာကဲတင်း ဗှူဟာ ဈေးကွက်ကို မဖြန့်ချိပဲ အွန်လိုင်းကနေသာ ရောင်းချခြင်း ဖြစ်ပါတယ်။
အွန်လိုင်းကနေ ရောင်းတာတောင် တစ်ပတ်မှာ တစ်ရက်ရဲ့ နာရီပိုင်း အတွင်းပဲ လူတိုင်း ဝယ်ခွင့်ပေးတဲ့ အခြေအနေကို ပေးခဲ့ပြီး ကျန်တဲ့ အချိန်တွေဆိုရင် OnePlue Two ဝယ်ယူပိုင်ဆိုင်ထားပြီးသူ တစ်ယောက်ရဲ့ ထောက်ခံချက် မှတ်တမ်း ပါမှ ထပ်ဝယ်လို့ ရတဲ့ ဗျူဟာကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ စတိုးဖွင့်တဲ့ နာရီပိုင်းအတွင်းကို အလုံးရေ သန်းနဲ့ချီ စံချိန်တင် ရောင်းရပြီး ဈေးကွက်မှာ လူသိများလာ ပါတယ်။ OnePlus ဟာ Oppo ကနေ ခွဲထွက်လာတဲ့ ကုမ္ဗဏီဖြစ်တာကြောင့် Oppo ရဲ့ ဒီဇိုင်းနဲ့ သိပ်မကွာခြားတာတော့ အမှန်ပါပဲ။ Oppo မှာ အင်ဂျင်နီယာခေါင်းဆောင်လုပ်ခဲ့သူများက ပြန်လည် ဖွဲ့စည်းလုပ်ကိုင်ခြင်း ဖြစ်ပြီး လူဦးရေ အနည်းငယ်သာနဲ့ ထုတ်လုပ်နေတဲ့ ကုမ္ဗဏီ ဖြစ်ပါတယ်။
ယခု OnePlus Two ကို ၂၀၁၅ ခုနှစ် ခုနှစ်နှစ်လယ်နောင်းပိုင်းကာလမှာ ထွက်ရှိမယ်လို့ ကြေညာထားပါတယ်။ အသေးစိတ် ဘာတွေ ဘာဝင်တယ်ဆိုတာ မပြောသေးပါဘူး။ အများစု ခန့်မှန်းချက်ကတော့ RAM 4GB ဖြစ်ပြီး ၅.၅ လက်မ အရွယ် QHD Display ကို အသုံးပြုကြောင်း ဆိုပါတယ်။ Android 5 Lollipop ကို အသုံးပြုထားပြီး ကင်မရာ၊ Processor များလည်း high end များသာ ဖြစ်ကြောင်း ဆိုပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၄၀၀ ဝန်းကျင် ဖြစ်ပါတယ်။ မြန်မာကျပ်ငွေနဲ့ဆို လေးသိန်း ဝန်းကျင်သာ ကုန်ကျတာကြောင့် Geek Choice Award ပေးရမယ့် စမတ်ဖုန်း ဖြစ်ကြောင်း နည်းပညာ မီဒီယာများက တင်စားခေါ်ဝေါ်နေကြ ပါတယ်။

one plue two

 

Mobile News

ကမ္ဘာ့ နည်းပညာ လောကကို အကြီးစား ပြောင်းလဲစေအုံးမယ် Google Project Soli


ရန်ကုန်မြို့မှာမိုဘိုင်းဖုန်းသင်တန်းတက်ရောက်လိုသူများအတွက်
ကမ္ဘာ့ နည်းပညာ လောကကို အကြီးစား ပြောင်းလဲစေအုံးမယ် Google Project Soliအကယ်၍ နည်းပညာ ပစ္စည်းက ရွေ့လျားနိုင်တဲ့ object ဖြစ်တဲ့ ကရိန်းတို့၊ စက်ရုပ်တို့ နဲ့ ချိတ်ထားရင်တော့ ကိုယ်ဟာ လူစွမ်းကောင်းကြီး တစ်ယောက်ပလာ လက်ဟန်အရာအားလုံးကို ထိန်းချုပ်တယ်ပေါ့။ လက်ရှိအချိန်အထိ ကတော့ touchscreen နဲ့ TV, ရေဒီယို မှာရှိတဲ့ function တွေလောက်အထိပဲ ရပါသေးတယ်။ ပုံမှာ ဆိုရင် နာရီကို ထိန်းချုပ်ပြနေမှု ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကို ပြောပြပါမယ်။
လက်သည်းခွံထက်တောင် သေးတဲ့ chip အသေးလေး တစ်ခုရှိပါတယ်။ ယင်း Chip ကို ရှိရင်းစွဲ tech ပစ္စည်းတွေမှာ ထည့်သွင်းလိုက်ပြီးပြီဆိုရင် ပြီးပါပြီ။ မိမိရဲ့ လက်ဟန်နဲ့ အနီးတစ်ဝိုက်ကနေ လုပ်ပြလိုက်ရုံနဲ့ ထိန်းချုပ်လို့ ရသွားပါပြီ။ အကယ်၍ စမတ်နာရီဆိုရင်လည်း စမတ်နာရီအလျောက် လက်သန်နဲ့ သုံးလို့ရပါတယ်။ လက်ဟန်တောင်မှ လက်ကို အပေါ်မြောက်၊ အောက် အကြီးကြီးတွေ လုပ်စရာမလိုပဲ လက်ချောင်းလေးတွေ လုပ်ရုံ၊ ထိရုံနဲ့ ရပါတယ်။
ဒီတော့ကာ လက်ရဲ့ ရွှေ့လျားမှုတိုင်းကို သတ်မှတ်ထားပါတယ်။ လက်မနဲ့ လက်ညိုးနဲ့ ဖိချရင် အသံတိုးအသံကျယ်။ လက်ဖဝါးပေါ် လက်မက ရွေ့သွားရင် touch screen အသုံးပြုမှု အစရှိသဖြင့်တို့ ဖြစ်ပါတယ်။ Google က ယင်း product ကို ဘယ် နည်းပညာ ပစ္စည်းများမှာမဆို အသုံးပြုစေပြီး သူ့ရဲ့ အသုံးဝင်မှု Function များကို တိုးမြင့်လျက် ရှိပါတယ်။

motion google atap

Asphalt Nitro v1.0.0c APK ( Game Download )

ကားပြိုင်တဲ့ game တွေကို စိတ်ဝင်စားတဲ့ Android gamer များအတွက် Asphalt Nitro game ကို မိတ်ဆက်ပေးလိုက်ပါတယ်။
တစ်စီးနဲ့တစ်စီး တိုက်ခိုက်ရင်းကစားရမှာဖြစ်ပြီး … 3D Resolution ကို အပြည့်အ၀ support ပေးထားတာကြောင့်
အရမ်းကို ကစားလို့ကောင်းတဲ့ game ကောင်းလေးတစ်ခုဖြစ်ပါတယ်။ apk ရဲ့ size ကတော့နဲနဲလေးပါ။
15MB ပဲရှိပါတယ် … ဒါပေမဲ့ ဒီ game လေးကိုဆော့ကစားနိုင်ဖို့ Online တော့ဖွင့်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။
Resolution ကောင်းကောင်းနဲ့ ကားပြိုင်ရတာဝါသနာပါတယ်ဆိုရင်တော့ အောက်ကလင့်မှာ ရယူလိုက်ပါ။

z 

RIval Kingdoms: Age of Ruin ( Game Download )



CoC လို game မျိုးတွေကို ကြိုက်တက်တဲ့ Gamer များအတွက် Rival Kinngdoms game ကို မိတ်ဆက်ပေးလိုက်ပါတယ်။
ကောင်းမွန်လှတဲ့ 3D Resolution က ဘယ်လိုမှငြင်းလို့မရအောင် အကြိုက်တွေ့စေမှာပါ။ Builder / wall / Characters တွေကို
level တွေတင်ပြီး ခပ်မိုက်မိုက်ကစားနိုင်တာကြောင့် နှစ်သက်ကြမယ်လို့လဲထင်ပါတယ်။ CoC ကိုသိပြီးသားဆိုတော့ အများကြီး
ရှင်းပြနေစရာမလိုတော့ပါဘူး။ ကဲဗျာ … Download ရယူပြီးဆော့ကစားကြည့်လိုက်ရအောင် 

0 

Install Download Here