Friday, June 19, 2015

Android M မှာ ဘာတွေပါလဲ ( မကြာမီ လာမည်မျှော် )

android-m-6-update

Google ရဲ့ Google Developer conference 2015 မှာ Google က Android version အသစ် “M” ကို developer preview အနေနဲ့ မိတ်ဆက်ပြသခဲ့ပြီးဖြစ်ပါတယ် ။ Developer preview version ဆိုတဲ့ အတွက် Developer တွေကို သူတို့ application တွေနဲ့ ကိုက်ညီအောင်ပြုလုပ်နိုင်ဖို့ ထုတ်ပေးတဲ့ versionပါပဲ။ normal user အတွက်တော့မဟုတ်သေးပါဘူး ။ အရင်နှစ်တုန်းကလဲ Android L ဆိုပြီး developer version အရင်ထုတ်ခဲ့ပြီးမှ user တွေလက်ထဲကို Lollipop Android 5.0 ဆိုတဲ့ အမည် နဲ့ နိုဝင်ဘာလောက်မှာ ဖြန့်ချီပေးခဲ့ပါတယ်။ ဒီတော့ ကျွန်တော်တို့ တွေလက်ထဲကို ဒီ Android version အသစ် “M” ဟာ နိုဝင်ဘာလောက်မှာ ရလောက်မယ်ထင်ပါတယ် ။ Google ဟာ သူ့ရဲ့ Android version တွေကို English symbol တွေ အစဉ် အတိုင်း ပေးတက်တာသတိထားမိမှာပါ ။ အရင် နှစ်က L developer version ဟာ တကယ် လက်ထဲဖြန့်ချီပေးလိုက်တဲ့ အခါ Lollipop ဆိုတဲ့ အမည်နဲ့ ဖြန့်ချိခဲ့ပါတယ် ဒီနှစ် version အသစ် “M” ကကော ဘာအမည် ဖြစ်နိုင်မလဲ ?? Milkshake , Mango , စသဖြင့် စားစရာတစ်မျိုးမျိုးရဲ့ အမည်ဖြစ်မယ်ထင်တယ် ။
ခု ထုတ်လုပ်လိုက်တဲ့ Android M developer preview ဟာ developer တွေအတွက်ပဲ မို့လို့လားမသိဘူးဗျ ။ Android developer တွေအတွက်ပဲ အသုံးဝင်တဲ့ feature တွေကို မနေ့က ပွဲမှာ အဓိက ပြသသွားပါတယ် ။ Android M မှာဘာ feature တွေပါလဲဆိုတော့။


ကျွန်တော်တို့ ဟာဖုန်းမှာ application တစ်ခုကို Google Play ကနေ ဒေါင်းပြီး install လုပ်လိုက်ရင်  ဒီ app က ကျွန်တော်တို့ ဖုန်းရဲ့ data တွေ ဘာ resource တွေကို ယူသုံးမယ်ဆိုပြီး permission တောင်းတာသတိထားမိလားဗျ ။ ကျွန်တော်ကတော့ အဒီ့လို တောင်းတဲ့ အချက်တွေကို သေချာတောင် မဖတ်ပါဘူးဗျာ ။ install လုပ်ချင်နေတာနဲ့ OK ဆိုပြီ: နှိပ်နှိပ်ပေးလိုက်တာပဲ ။ အမှန်က အဲ့ဒီ့ အချက်က မကောင်းဘူးဗျ ။ မကောင်းတဲ့ App တစ်ခု (Eg virus app ) က App နဲ့ ဘာမှ မဆိုင်တဲ့ resource data တစ်ခု (ဥပမာ photo gallery service ) လိုမျိုး ယူသုံးမယ်ဆိုပြီး အဲ့ဒီ့ pageမှာရေးထားလဲ ကျွန်တော်တို့ကသေချာမဖတ်မိပဲ ok နှိပ်ပြီး install လုပ်လိုက်တော့ အဲ့ဒီ့ app က ကျွန်နော်တို့ရဲ့ ပုံတွေကို ဝင်ယူပြီး လုပ်ချင်ရာလုပ်ခွင့်ရသွားရော ။ ကျွန်တော်တို့ကလဲ မဖတ်ဘူးဆိုတာက install လုပ်လို့ အဲ့ဒီ့ permission page မှာ permission တောင်းတဲ့ ဟာတွေ ရေးထားတာတွေက အများကြီးဆိုတော့ ပျင်းတာနဲ့ ဖတ်ကြည့်မနေတော့ဘူး ။ ok နှိပ်ပြီး တန်း install လုပ်လိုက်တာပေါ့ ။ user တွေရဲ့ အဲ့ဒီ့ စိတ်ကို နားလည်တဲ့အတွက် ပိုပြီး လွယ်ကူတဲ့ resource တွေကိုပိုပြီး control လုပ်ဖို့လွယ်ကူတဲ့ permission ပေးတဲ့ စနစ်ကို Android M မှာ ထည့်သွင်းလိုက်ပါတယ် ။ ဘယ်လိုပုံစံမျိုးလဲဆိုတော့ App တွေကို install လုပ်ရင် အရင်လိုမတောင်းတော့ပါဘူး ။ ဘယ်အချိန်ကြမှ တောင်းမလဲဆိုတော့ အဲ့ဒီ့ application ကို ပထမဆုံး စသုံးတဲ့ အချိန်ကျမှ လိုအပ်တဲ့resource permission တွေကိုတောင်းတော့မဲ့ ပုံစံမျိုး ပြောင်းလဲလိုက်ပါတယ်။ ဥပမာ .. ကျွန်တော် Viber app ကို install လုပ်လိုက်တယ်ဆိုပါ တော့။ ပထမဆုံး စသုံးတဲ့အချိန်မှာ ကျွန်တော့် သူငယ်ချင်း တစ်ယောက်စီကို ကျွန်တော့်ဖုန်းထဲက ပုံတစ်ပုံကို လှန်းပို့မယ်ဆိုပြီ: Viber မှာပါတဲ့ ဓာတ်ပုံ ပို့တဲ့ button ကိုနှိပ်လိုက်ရင် popup box တစ်ခုပေါ်လာပြီ: permission လာတောင်းပါလိမ့်မယ် ။ ဘယ်လိုလဲဆိုတော့ Viber application ကို ကျွန်တော့် ဖုန်းရဲ့ Gallery service ကိုထိခွင့်ပေးမှာလားဆိုပြီ:တော့ ။ ကျွန်တော်က ခွင့်ပြုမယ် ဆိုပြီ နှိပ်လိုက်မှ Viber app က ကျွန်နော့်ရဲ့ Gallery ထဲက ပုံတွေကို လှန်း access လုပ်လို့ရသွားပါမယ်။ တကယ်လို့ ခွင့်မပြုဘူးဆိုရင် က ကျွန်တော့်ဖုန်းထဲမှာ ရှိတဲ့ ဓာတ်ပုံတွေကို ဝင်ထိခွင့်မရှိတော့ပါဘူး . ခုလို ပြောင်းလဲလိုက်တဲ့ အတွက် user တွေအနေနဲ့ ကိုယ့်ဖုန်းရဲ့ ဘယ် resource တွေ ဘယ် data တွေကို App က ဘာကြောင့် ယူသုံးမယ် ဆိုတာ သိရတဲ့ အတွက် ကိုယ့်ရဲ့ data တွေကို ပိုပြီ: control လုပ်ခွင့်ရှိသွားစေပါတယ်…. မကောင်းတဲ့ App ( Eg malware , virus app) တွေဘာတွေ သွင်းလိုက်မိလို့ ကိုယ့် ဖုန်းထဲက data တွေကို ကိုယ်မသိပဲ အသလွတ် ယူသုံးနေတယ်ဆိုတဲ့ မျိုးတွေလဲ မရှိတော့ဘူးပေါ့ဗျာ ။ ဖုန်းရဲ့ Main Setting ထဲမှာလဲ app တစ်ခုချင်းစီအတွက် permission ပေးတဲ့ Setting ပါဝင်လာမယ်လို့သိရပါတယ် ။ ဥပမာ Viber အတွက်ဆို Viber က ဘယ် resource တွေယူသုံးခွင့်ရှိတယ် ဘယ်ဟာတွေကို မသုံးနဲ့ဆိုပြီ: control လုပ်လို့ရတဲ့ setting ပါ ။ ဒါဟာ user တွေအတွက် Android M မှာပါဝင်လာမဲ့ အသုံးဝင်တဲ့ feature တစ်ခုပါပဲ။
Power & charging

 

Android M မှာ phone တွေရဲ့ battery ကို ပိုပြီး အသုံးခံစေမဲ့ Doze ဆိုတဲ့ feature ကိုမိတ်ဆက်ပေးခဲ့ပါတယ် .. Doze ဆိုတာ မှာ နောက်ကွယ်ကနေ run နေပေးမဲ့ service feature တစ်ခုပါပဲ ။ သူက ကျွန်နော်တို့ phone တွေ screen off ထားတဲ့ အချိန် ဒါမှမဟုတ် မသုံးပဲ ညအိပ်ရာဝင်နေတဲ့ အချိန်မှာ နောက်ကွယ်မှာ နေတဲ့ service တွေ background service တွေ ကို ချိန်ညှိပေးမဲ့ feature ပါ ။ ဘယ်လို မျိုးဟာမျိုးလဲဆိုတော့ ညအိပ်ရာဝင် တဲ့အချိန်မှာ ဖုန်းမှာ ရှိတဲ့ data sync process တွေ သိပ်အလုပ်မလုပ်စေပဲနဲ့ sync တဲ့ အခေါက်ရည်ကို လျှော့ချလိုက်တယ်လို့ဆိုပါတယ် ။ အဲ့ဒီ့အတွက် CPU ပေါ်မှာ အလုပ်လုပ်တဲ့ ပမဏလဲ လျော့သွားပြီ: battery အားကုန်တာကို သက်သာစေပါတယ် ။Google ရဲ့ စမ်းသပ်ချက်အရ Android M သွင်းထားတဲ့ device က Lollipop version သွင်းထားတဲ့ device ထက် battery standby time ကို ၂ ဆ ပိုခံစေတယ်လို့ဆိုပါတယ်။ နောက်တစ်ချက်က Android M မှာ USB Type C ကို support လုပ်ပြီလို့ဆိုပါတယ် ။ ကျွန်နော်တို့ လက်ရှိ သုံးနေတဲ့ USB ပလပ်ခေါင်းလေးတွေရဲ့ version က Type B ပါ ။ USB Type C က Type B ထက် data transfer speed ပိုမြန်ပြီ:တော့ အားသွင်းတဲ့ process ကိုလဲပိုမြန်စေမယ်လို့ဆိုပါတယ် ။ အကြီးဆုံးအားသာချက်က USB Type C က ပလက်ပေါက်ကို ဘယ်လို တပ်တပ် တပ်လို့ရအောင်ပြုလုပ်ထားတာပါ ။ ကျွန်နော်တို့လက်ရှိ ဖုန်းတွေမှာသုံးတဲ့ USB ပလက်ခေါင်း တွေက အပေါ်အောက် မှားတပ်လို့မရဘူးလေ။ ဒီကောင်ကတော့ ဘယ်လိုတပ်တပ် ပလက်ခေါင်းပုံစံကို အတူတူလုပ်ထားတဲ့ အတွက် ဘယ်လိုတပ်တပ် ပလပ်ပေါက်နဲ့ ဖြစ်သွားပါတယ်။
Fingerprint sensors


 

Finger_Print ပါတဲ့ ဖုန်းတွေ ခေတ်စားလာတာကြာပါပြီ ။ ခု Google က ဒီ Android M မှာ ထဲမှာပဲ fingerprint sensor နည်းပညာကိုထည့်ပေးလိုက်တာပါ။ အဲ့ဒီ့အတွက် ဖုန်းထုတ်လုပ်တဲ့ company တွေက fingerprint နည်းပညာအတွက် သက်သတ် ထပ်တည်ထွင်နေစရာမလိုတော့ပဲ ဒီ Android OS မှာပါတဲ့ နည်းပညာကို ခေါ်သုံးလိုက်ရုံပါပဲ ။ ခုလက်ရှိ phone တွေမှာဆိုရင် Samsung , HTC တို့ Huiwei တို့ မှာပဲ ပါနေသေးတာပါ ။ သူတို့ တောင် သူတို့ဖုန်းတွေမှာ ထည့်သွင်းနိုင်ဖို့ ၂ နှစ် လောက်အချိန်ယူပြီ: တီထွင်ခဲ့ရတာပါ ။ ခု Android OS မှာကိုက default ပါတဲ့ အတွက် ကျန်တဲ့ ဖုန်းထုတ်လုပ်တဲ့ company တွေအတွက်လွယ်လွယ်ကူကူ ဒီ feature ကိုထည့်သွင်းလာတော့မှာပါ။
Custom Chrome tabs

   

ဒါကတော့ Application Developer တွေအတွက်ပါ  ။ ဘယ်လိုမျိုး လဲဆိုတော့ ပုံမှန်သုံးတဲ့ app တွေထဲကနေ website link တစ်ခုကို နှိပ်လိုက်တဲ့အခါမှာ မူရင်း app ထဲကနေမထွက်ပဲ application ထဲမှာပဲ website ကိုကြည့်လို့ရမဲ့ feature ပါ ။ ခုလက်ရှိ app တွေ … ဥပမာ viber ပေါ့ ။ viber message ထဲကနေ ကျွန်နော်က website link တစ်ခု နှိပ်လိုက်ရင် viber app ကနေထွက်သွားပြီးတော့ Chrome browser ဒါမှ မဟုတ် တစ်ခြား browser တစ်ခုပွင့်ပြီ: အဲ့ဒီ့ website ကိုကြည့်ရတယ် ။ viber app က screen ပေါ်မှာ မရှိတော့ဘူးပေါ့ ။ ဒီ custom chrome tab feature ကိုသာ viber မှာသုံးထားရင် viber message ထဲကနေ website link နှိပ်လိုက်ရင် viber ထဲမှာပဲ website ကိုကြည့်လို့ရမဲ့ feature ပါပဲ ။ သတ်သတ် browser app တစ်ခု ထပ်ဖွင့်စရာမလိုတော့ပါဘူး ။ တစ်ခုတော့ ရှိတယ် Application developer တွေကသူ့တို့ရဲ့ Application တွေမှာ ဒီcustom chrome tab feature ကိုခေါ်သုံးပေးထားမှ သုံးလို့ရပါမယ် ။

 

ဒါ ကတော့ ကျွန်နော်တို့ app တစ်ခုခုထဲကနေ website link တစ်ခုကို နှိပ်လိုက်လို့ အဲ့ဒီ့ website နဲ့ ဆိုင်တဲ့ app ကဖုန်းမှာ သွင်းထားရင် website ကို မဖွင့်တော့ပဲ application ကိုတန်းဖွင့်တဲ့ feature ပါ…. ဥပမာ .. Viber ထဲကနေ သူငယ်ချင်းတစ်ယောက်က Facebook ပေါ်က hot နေတဲ့ Cele တစ်ယောက်ရဲ့ profile page link ကို message ကနေ လှန်းပေးလိုက်တယ်ဆိုပါစို့ ။ ကျွန်တော့် အဲ့ဒီ့ profile page link ကိုနှိပ်လိုက်ရင် browser ပေါ်မှာ Facebook website ပွင့်လာမဲ့ အစား phone က Facebook app တန်းပွင့်လာပါလိမ့်မယ် ။ တစ်ခါတစ်လေ ကျွန်နော်တို့ ဒီ့ group comment တွေထဲကနေ application download link တွေတောင်းလို့ Google Play store link ကိုပေးကြတယ်လေ အဲ့ဒီ့ Google Play store link ကို နှိပ်လိုက်ရင် အရင်ကလို popup box နဲ့ Browser နဲ့ ဖွင့်ချင်လား Play store app ကပဲဖွင့်ချင်လားမေးတော့မှာ မဟုတ်ပဲနဲ့ Google Play Store app ပဲ ဒါရိုက်တန်းပွင့်လာမှာဖြစ်ပါတယ် ။

 

ဒါကတော့ US မှာပဲရအုံးမဲ့ feature တစ်ခုပါပဲ ။ ဖုန်းနဲ့ ငွေပေးချေတဲ့ service တစ်ခုပါ ။ အရင်က Google wallet ဆိုပြီး ရှိပေမဲ့ Google အပိုင်လို ဖြစ်နေတဲ့ ဒီ service ကို Android OS ထဲမှာထဲ့ထားပြီ: အကုန်လုံး ယူသုံးလို့ ရတဲ့ service အဖြစ် အသွင်ပြောင်းခဲ့သလို. အမည်ကိုလဲ Android Pay ဆိုပြီ:ပြောင်းလိုက်တာဖြစ်မယ်ထင်တယ် ။ သူ့ရဲ့ နည်းလမ်းကတော့ ကိုယ့်ရဲ့ Visa card , Master card တို့ ကို ဖုန်းထဲမှာ virtual ID တစ်ခုနဲ့ သိမ်းထားပြီ:တော့ ရတဲ့ NFC card reader တွေရှိတဲ့ ဆိုင်တွေမှာ ဖုန်းနဲ့ တစ်ချက်လောက်ထိပြီး ငွေပေးချေတဲ့ စနစ်ပါ ။ အရင်ကရှိခဲ့တဲ့ Google walletနဲ့ တော့ ဘာကွာလဲ တော့သေချာမသိသေးပါဘူး ကျွန်နော်ကတော့ လက်ရှိ ငွေပေးချေတဲ့ တွေထဲမှာ Samsung Pay က အကောင်းဆုံးလို့ထင်ပါတယ် ။ ဘာလို့လဲဆိုတော့ ဒီ Googleရဲ့ Android Pay ကော  Apple ရဲ့ Apple Pay ကောက သူတို့ service တွေနဲ့ ချိတ်ထားတဲ့ client NFC card reader တွေ ဆိုင်တွေမှာရှိဖို့လိုပါတယ် ။ အဲ့ဒီ့ card reader တွေ ဆိုင်တိုင်းမှာလဲ မရှိနိုင်သေးပါဘူး ။ အဲ့ဒီ့တော့ မရှိတဲ့ ဆိုင်တွေမှာဆိုရင် ဒီ service ကိုသုံးလို့မရပါဘူး ။ Samsung Pay ကျတော့ NFC စနစ်နဲ့ လုပ်လို့ရတဲ့ အပြင် လက်ရှိ ဆိုင်တွေ တိုင်းနည်းပါးမှာသုံးနေတဲ့ Magnetic strip card reader တွေနဲ့ ပါ လုပ်ပြီ: ငွေချေလို့ရပါတယ် ။ အဲ့ဒီ့ အတွက် ဈေးဆိုင်တွေက card reader အသစ်မှ ထပ်တက်စရာမလိုတော့ ဆိုင်သမားတွေအတွက်က အကြိုက်ပါပဲ ။ ရင်းနီးမြုပ်နံရမဲ့ Bank တွေအနေနဲ့လဲ ဆိုင်တွေမှာလိုက်ပြီ: သူတို့ စနစ်သုံးဖို့လိုက်ပြီးmarketing ဆင်းစရာမလိုတော့ပါဘူး ။ လက်ရှိ စနစ်တွေနဲ့ OK တဲ့ Samsung Payကသာ အသုံးပိုများမဲ့ အနေအထားရှိပါတယ် ။
Google Now on Tap

  

ဒါကတော့ Google ရဲ့ innovative အဖြစ်ဆုံး feature တစ်ခုလို့ တောင်ပြောလို့ရပါတယ် … Android M နဲ့ အတူပါလာမှာပါ ။ တစ်ခုတော့ ရှိတယ် ။ user Data / internet connection ပေါ်မှာမူတည်မှာ ဖြစ်တဲ့ အတွက် မြန်မာမှာတော့ သုံးလို့ရမရမသေချာပါဘူး ။ဘယ်လိုမျိုးလဲဆိုတော့ Google Now ကို ခုလက်ရှိ ဖုန်း user တော်တော်များများ သိကြမှာပါ။ “OK Google ” ဆိုတဲ့ keyword နဲ့ ခေါ်ပြီး ကိုယ်သိချင်တာ မေးလိုက်ရင် အဖြေတွေကို ပြန်ပေးတဲ့ service ပါပဲ ။ ကိုယ်လုပ်တက်တဲ့ အပြုအမူတွေတောင် သူကမှက်သားထားပြီ:တော့ တစ်ခါတစ်လေ ကိုယ်တောင် မမေးရသေးပဲနဲ့ လိုအပ်တဲ့ data information တွေကို ထုတ်ပြနိုင်တဲ့ service တစ်ခုပါပဲ …. ဥပမာ ကျွန်နော် မနက် ဆိုရင် ၈ နာရီလောက် အိမ်ကထွက်ပြီး ရုံးသွားတယ် ။ ဒါကိုသူက မှတ်ထားပြီ:တော့ မနက် ၈နာရီ မထိုးခင် မှာ ကျွန်နော့် ရုံးကို သွားတဲ့ bus car က ကျွန်နော့်ကို အိမ်နားက ကားဂိတ်ကို ဘယ် အချိန်ရောက်မယ်ဆိုတဲ့ message ကို auto ပြပေးသဗျ ။ အဲ့ ရုံးဆင်း ချိန်ဆိုလဲ သူ့ဘာသာ သူ အိမ်ကိုရောက်တဲ့ bus car ရဲ့ ကားချိန်တွေ notification နဲ့ လာပြသဗျ….. ပြီ:ရင် ကျွန်နော် ကြိုက်တတ်တဲ့ ဘောလုံးအသင်း အကြောင်းတွေ တွေကိုလဲ ကျွန်နော် Google မှာ တစ်ခါရှာ ဖူးရုံနဲ့ မှက်သားထားပြီ:တော့ အဲ့ဒီ့ အသင်းရဲ့ ပွဲချိန် တွေ ဒီနေ့ အဲ့ဒီ့ အသင်းပွဲရှိရင် ဘယ်အချိန်ကန်တော့မယ်ဆိုတဲ့ တွေ လာပြသဗျ ။ ပြောရရင် personal assistant တစ်ယောက်လို notification တွေတက်ပြီ: data information တွေကို ပြနေတယ်ဗျ ။ ဒါက ခုလက်ရှိ ဖုန်းတွေမှာပါတဲ့ Google ရဲ့ service ပါ ။ ခု Android M မှာပါတဲ့ Google Now ကတော့ တော်တော် အဆင့်မြင့်သွားပါပြီ ။ ဘယ်လိုလဲဆိုတော့ ကျွန်နော် Music application ဖွင့် သိချင်းနားထောင်နေရင်းနဲ့ ဒီ အဆိုတော်ရဲ့ မွေးနေ့ ဒါမှမဟုတ် သူ့ အကြောင်းတွေ သိချင်တယ်ဆိုပါစို့ ။ music application ကို မှာဖွင့်ထားနေရင်းနဲ့ အဆိုတော် အမည်တောင် မပြောပဲနဲ့ ဟေး ဒီ အဆိုတော်ရဲ့ မွေ:နေ့က ဘယ်လောက်လဲ ဆိုပြီ: မေးလိုက်တာနဲ့ က သူ့ဘာသာသူ မှာ လက်ရှိ ဖွင့်ထားတဲ့ သိချင်းရဲ့ အဆိုတော်ကို သိပြီ: အဲ့ဒီ့ အဆိုတော်ရဲ့ အကြောင်းတွေကို အောက်မှာပြ သဗျ ။  နောက်ထပ် ဥပမာတစ်ခုကတော့ ပိုပြီ:အဆန်းကြီးပဲဗျ ။ ကျွန်နော် နဲ့ ကျွန်နော့် သူငယ်ချင်း တစ်ယောက် viber chat နေတယ်ဆိုပါစို့ ။ သူက viber message ထဲကနေ ” ဟေ့ကောင် ဒီ အပတ် ရုပ်ရှင် သွားကြည့်ရအောင် ” ဆိုပြီး message ပို့လိုက်တယ်ဆိုပါစို့ ။ ကျွန်နော်က အဲ့ဒီ့ အချိန်မှာ ဒီ အပတ် ဘာရုပ်ရှင်တွေ တင်နေလဲ ကျွန်နော်မသိဘူးဗျ ။ အဲ့ဒါနဲ့ Viber app ကို ဖွင့်ထားရင်း chat လက်စတန်းလန်း နဲ့ phone home button ကို ဖိထားလိုက်ပြီ: Google Now ကိုခေါ်လိုက်တယ်။ အဲ့ဒီ့မှာ ကျွန်တော်လဲ ဘာမှ မမေးရသေးပဲနဲ့ ဒီ တစ်ပတ် ရုပ်ရှင် တွေ ဘယ်ရုံမှာ ဘာကားတွေ ပြနေတယ်ဆိုတာ auto လာပြနေတယ်ဗျ။ ဘယ်လောက်တောင် မိုက်သလဲဗျာ ။ဒီ Google Now က ကျွန်နော် ဘာရှာချင်သလဲ … ဘာသိချင်သလဲဆိုတာကို လက်ရှိ ဖွင့်ထားတဲ့ application (ဥပမာ viber ) ကနေ data ကို ယူပြီ:တော့ ကျွန်နော် တောင်မမေးရသေးဘူး အဲ့ဒီ့ အကြောင်းအရာနဲ့ ဆိုင်တဲ့ information ကို လာပြနေပြီ ။ ကျွန်တော့်ရဲ့ data information တွေကို သူက ဝင်ဖတ်နိုင်ပြီးတော့ ပြန်ပြီး respond ပြန်နိုင်တယ်ဆိုတဲ့ level ကို ရောက်လာတယ်ပေါ့ဗျာ ။ Science movie တွေမှာပါတဲ့ AI robot လိုမျိုးဖြစ်လာတဲ့သဘောပေါ့ ။
ဒါက Android version အသစ် “M” မှာပါတဲ့ new feature တွေပါပဲ ။ Android Lollipop မတူတဲ့ တစ်ခြား ပြောင်းလဲချက် 100 ကျော်တောင်ရှိသေးတယ်လို့ ဆိုပါတယ် ။ user တွေအတွက် အတည် version ထွက်လာရင် ဒီထက် ပိုမိုတဲ့feature တွေပါလာနိုင်ပါသေးတယ် ။ Android M developer preview version ကို Nexus ဖုန်းမှာ စတင်အသုံးပြုနိုင်နေပြီဖြစ်ပါတယ်။


ရေးသားသူ – Sai Thet (Myanmar Mobile Users Group)
 

OPPO NEO5

 OTG စနစ်ကို သင်သုံးလေ့သုံးထရှိပါသလား? ‪#‎OPPONeo5‬ ဟာ OTG စနစ်ကိုထောက်ပံ့ပေးပါတယ်။ ကွန်ပျူတာတစ်ခုလုံးကြီး သယ်ဆောင်စရာမလိုပဲ ချိတ်ဆက်စရာ ကြိုးလေးကိုသာဆောင်ထားလိုက်ပါ။ အချိန်မရွေး USB က ဖိုင်တွေကိုအရေးတကြီးဖွင့်ကြည့်ဖို့လို့ ရပါတယ်။

Thursday, June 18, 2015

မင်္ဂလာပါ

ကျွန်တော်တို့ B 13 Mobile ဆိုင်မှာ ၀ယ်ယူကြသူများကိုအထူးကျေးဇူးတင်ပါကြောင့်အသိပေးအပ်ပါသည်။
 

Android ဖုန်းတစ်လုံးကို ဘယ်လိုပေါ့အောင်သုံးကြမလဲ။

maxresdefault

ကျတော်တို့ Android ဖုန်းအသုံးပြုသူတွေ ကိုယ့်ဖုန်းကိုဘယ်လို ပေါ့ပေါ့ပါးပါးဖြစ်အောင်အသုံးပြုနေကြပါသလဲ။
ကျတော့် အမြင်ကိုပြောပြချင်ပါတယ်။ Android ဖုန်းတစ်လုံးပေါ့ပါးနေစေအောင် အဓိကကတော့ Storage အပိုင်းပါပဲ။
ကျတော်တို့ နေ့တိုင်းအသုံးပြုနေတဲ့ Application တွေပာာ တစ်ရက်ထက်တစ်ရက် data တွေတက်လာပါတယ်။
ဥပမာပြောရရင် ကျတော်တို့ Facebook အသုံးပြုကြတယ်ပေါ့။ Facebook ကို Computer နဲ့ phone နဲ့ သုံးတာမတူပါဘူး။
Computer ကနေသုံးကြတဲ့အခါ တစ်ခါသုံးပြီးရင် တစ်ခါ Log-out လုပ်ကြပါတယ်။ ဒါပေမဲ့ ကျတော်တို့ phone ကနေသုံးကြတဲ့အခါ
Log-out မလုပ်မိကြပါဘူး။ ဒီလိုဆို တစ်နေ့သုံးလိုက်တဲ့ data ပာာတက်လာပါတယ်။ တစ်နေ့ထက်တစ်နေ့ဆို data တွေပာာ
တဖြည်းဖြည်းများလာရင် storage ပိုင်းမှာ တက်လာပါတယ်။ ခုခေတ်ကြီးမှာတော့ Facebook တစ်ခုထဲမှမပာုတ်ပါဘူး
Viber , Skype , Tango စတဲ့ Application တွေကအစများပြားလာပါတယ်။ ဒီလိုဆိုတော့ တစ်နေ့ထက်တစ်နေ့ အသုံးပြုတဲ့
data များလာသလို Storage ပိုင်းမှာလဲ ပြည့်လာပါမယ်။ ဒါကြောင့် ဖုန်းတစ်လုံးပေါ့ပါးစွာ အသုံးပြုနိုင်ရန်အတွက်
Storage ပိုင်းကို စစ်ဆေးနေသင့်ပါတယ်။ Application က data တွေကိုတော့ ကျတော်တို့ Setting >>> Manage application ထဲကနေ
ဝင်ပြီး ကိုယ်နေ့စဉ်အသုံးပြုနေတဲ့ Application တွေကို Clear data လုပ်ပေးနေမယ်ဆိုရင်တော့ သင့်ဖုန်းပာာ
အမြဲတမ်းပေါ့ပါးနေစေပါမယ်။ တစ်ချို့က ကိုယ့် account ကိုနှမြောလို့ မလုပ်ချင်ကြတာတွေဖြစ်တက်ပါတယ်။
အဲလိုကျရင်တော့ ကျတော်တို့ phone နံပါတ်တွေနဲ့ activate လုပ်ရတဲ့ application တွေဆို မလုပ်ချင်လဲရပါတယ်။
Account နဲ့ ပြန်ဝင်နိုင်တဲ့ application တွေကိုတော့ clear data လုပ်ပြီးအသုံးပြုစေချင်ပါတယ်။ နောက်ဆုံးအခြေအနေမှာဆိုရင်
ကျတော်တို့ ဖုန်းတစ်လုံးလုံး လေးလံပြီး Touch ပါမရွှေ့နိုင်တော့တဲ့ အခြေအနေကို ကြုံတက်ကြပါတယ်။ ဒီလိုဆိုရင်တော့
reset ချရန်ထိလိုအပ်လာတက်ပါတယ်။ ဒီလိုခြေနေမှာဆိုရင် ဘာကိုမှ Backup လုပ်လို့မရတော့တဲ့အခြေအနေထိပါဖြစ်တက်ပါတယ်။
အဲဒီလိုဖြစ်ရင် အရေးကြီးတာတော့ Contact & Photo ပေါ့။ ဒါကြောင့် အရေးကြီးမယ်ထင်တဲ့ data တွေကိုတော့ ကျတော်တို့
တစ်နေ့ပြီးတစ်နေ့ Backup လုပ်ထားဖို့ပါ သတိပေးချင်ပါတယ်။

Remark >>> Interal များများအသုံးပြုလို့ရတဲ့ Phone တွေဆိုရင်တော့ မပြောလိုပါ။ Internal များများမပါတဲ့ Phone တွေကိုကိုင်ဆောင်
                    သူတွေအတွက် ကိုယ်တွေ့လေးကို တင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ အမှားပါရင်တော့ ခွင့်လွှတ်ပေးစေချင်ပါတယ်။

COPY BY MMAS

September လမှာထွက်ရှိလာနိုင်တဲ့ Galaxy Note 5

Samsung Smart Phone model အသစ်တစ်မျိုးဖြစ်တဲ့ Galaxy Note 5 ကို September လမှာထွက်ရှိလာမယ်လို့
သိရှိရပါတယ်။ ကျတော်တို့ အရင် Galaxy Note series တွေထက် ပိုမိုကောင်းမွန်တဲ့ အရည်အသွေးများအပြင်
Memory ပိုင်း Ram ပိုင်းတွေကိုပါ အရည်အသွေးတိုးမြှင့်ထားပါတယ်။
4K ULTRA HD SuperAMO LED Display နဲ့
5.78 လက်မအရွယ်အစားရှိတဲ့ Screen size ပါရှိမှာဖြစ်တယ်လို့ သိရပါတယ်။ Camera ကတော့ 18 megapixel ပါရှိပြီး Front camera ကတော့5 megapixel အသုံးပြုထားတယ်လို့သိရပါတယ်။
128GB internal memory အသုံးပြုနိုင်မယ်လို့လဲ ဖော်ပြထားပြီး RAM 4GB အထိသုံးစွဲထားတယ်လို့လဲ သိရှိရပါတယ်။
CPU ပိုင်းကို Octa-core Qualcomm Snapdragon 810 processor နဲ့ အသုံးပြုထားပါတယ်။ battery capacity ကတော့ 4100mAH
ရှိမှာဖြစ်ပါတယ် ခင်ဗျာ။

phpgd0vzp

Android Phone များ Screen Lock ( Pattern / Pin / Passcode ) ကျနေတဲ့အချိန်မှာ ဘာတွေလုပ်ထားဖို့လိုသလဲ ???

ကျတော်တို့ Android အသုံးပြုသူများအတွက် Screen Lock ( Pattern / Pin / Passcode ) ကျနေတဲ့အချိန်တွေမှာ ဘာတွေလုပ်ထား
သင့်သလဲဆိုတာကို ကျတော့်အမြင် နဲ့ အတွေ့အကြုံလေးအရ ကျတော်တင်ပြပေးလိုက်ပါတယ်။
Android ဖုန်းတစ်လုံးအသုံးပြုပြီဆိုရင်တော့ လူတိုင်းလိုလို Screen Lock ( Pattern / Pin / Passcode ) ဆိုတာတော့ ထားတက်ကြပါတယ်။
အဲဒီလို Screen Lock ချထားတဲ့အချိန်ကိုယ့်ရဲ့ lock ကို ပြန်မမှတ်မိတော့ဘူးဆိုရင်တော့ User တော်တော်များများအနေနဲ့
ကိုယ့်ရဲ့ အရေးကြီးတဲ့ data များကိုတော့ပြန်လိုချင်ကြပါတယ်။ ဒါပေမဲ့အဲလိုအခြေအနေမှာ Screen Lock ကို ပြန်ဖြည်နိုင်ရန်
နည်းလမ်း ( ၂ ) မျိုးရှိပါတယ်။ Reset ချပြီးပြန်ဖြည်တဲ့နည်း နဲ့ Software များကို အသုံးပြုပြီး ပြန်ဖြည်တဲ့နည်းတွေပဲဖြစ်ပါတယ်။
Reset ချတဲ့နည်းကတော့ ဖုန်းရဲ့ Internal Memory မှာရှိတဲ့ data တွေကို ဖုန်းကအလိုလိုမဖျက်ပစ်မှာဖြစ်ပါတယ်။
ဒီလိုဆို ကိုယ်ပြန်လိုချင်တဲ့ Contact , Message နဲ့ အခြားအရေးကြီးတဲ့ data တွေကိုပြန်ရနိုင်တော့ပါဘူး။ တကယ်လို့ data တွေကို
ကျတော်တို့ပြန်လည်လိုချင်တယ် ဆိုရင်တော့ Software များကိုအသုံးပြုမှအဆင်ပြေမှာဖြစ်ပါတယ်။ အဲလိုအခြေအနေမှာဆိုရင်
အရေးကြီးတာကတော့ Computer ကနေ ဖုန်းကိုသိနေဖို့ပါပဲ။ အဲလိုသိနေအောင် Setting ထဲကဘယ်အရာရာကို အဓိကအနေနဲ့
on ထားဖို့လိုအပ်ပါသလဲ ??? ကျတော်တို့ အဲလိုအခြေအနေမှာတော့ အဓိကအနေနဲ့ on ထားဖို့လိုအပ်တာကတော့
Setting >>> Developer option ထဲက USB Debugging ပဲဖြစ်ပါတယ်။ ဒီ Function လေးကို on ထားခြင်းမရှိဘူးဆိုရင်တော့
Screen Lock ကို Software တွေနဲ့ပြန်ဖြည်တဲ့အခါ Computer ကနေ ဖုန်းကိုသိရှိနိုင်ရန် support ပေးမှာမပာုတ်တော့ပါဘူး။
ဒါကြောင့် ဒီ Function လေးကိုတော့ on ထားဖို့လိုအပ်ပါမယ်။ နောက်အရေးကြီးတာကတော့ သင့်ဖုန်းမှာ Root လုပ်ထားဖို့ပဲဖြစ်ပါတယ်။
Root လုပ်မထားဘူးဆိုရင်တော့ Software တွေကနေ ဖုန်းကိုသိရှိနိုင်ရန် support ပေးမှာ မပာုတ်တော့ပါဘူး။
ဒါကြောင့် Screen Lock ဖြည်ချင်တဲ့အခါ data တွေမပျက်စီးချင်ရင်တော့ ဒီအချက်နှစ်ချက်ကို ပြုလုပ်ထားရန်လိုအပ်ပါမယ်လို့
မသိသေးသူများအတွက် ကျတော်နားလည်သလို ပြန်လည်တင်ပြပေးလိုက်ပါတယ် ခင်ဗျာ။
Remark ; ယခု version များတွင် Developer option ကိုမတွေ့ရှိပါက About Phone ထဲကနေပြီး Build number ကို ( ၇ ) ချက်လောက်
နှိပ်ပေးခြင်းဖြင့် Developer option ကို ဖော်ပေးပါ။


Screen_Lock


ဖုန်းကင်မရာ သုံးလို့ ပုံကောင်းကောင်း ရိုက်နည်း

Screen Shot 2015-06-05 at 3.06.49 PM

ဖုန်းကင်မရာကို အသုံးပြုလို့ လူတိုင်း ပုံကောင်းကောင်း ရိုက်တတ်ချင်ကြမယ်လို့ ယုံကြည်ပါတယ်။ ဒီတော့ ပုံကောင်းကောင်း ထွက်စေမယ့် နည်းလမ်းများကို မျှဝေပေးလိုက်ရပါတယ်။ ဒါ့အပြင် အားတက်သွားစေအောင်လည်း ဖုန်းနဲ့ ရိုက်ကူထားတဲ့ ကမ္ဘာကျော် ပုံများကိုပါ တွဲပေးလိုက်ပါတယ်။ စိတ်မပူပါနဲ့။ မိမိရဲ့ဖုန်းက 1 MP ရှိအုံးတော့ ပုံကောင်းကောင်း ရိုက်နိုင်ပါတယ်။ ဒီတော့ နည်းလမ်းလေးတွေ စပြောကြရအောင်..။
၁) Zoom ဆွဲ မရိုက်ပါနဲ့..
အရေးအကြီးဆုံး အချက် ဖြစ်ပါတယ်။ ဖုန်းနဲ့ ရိုက်တဲ့အခါ Zoom ဆွဲပြီး ရိုက်မ့် အစား ပုံမှန်အတိုင်းရိုက်လို့ ကိုယ်လိုချင်တဲ့ နေရာကို Crop လုပ်ယူလို့ ရပါတယ်။ Zoom ဆွဲလိုက်ခြင်းက ပုံရဲ့ အရည်အသွေးကို ကျဆင်းသွားစေမှာ ဖြစ်ပါတယ်။ ဒီတော့ စမ်းကြည့်ပါ။ Zoom ဆွဲပြီး ရိုက်တာနဲ့ ခပ်ရိုးရိုးရိုက်ပြီး ကိုယ်လိုချင်တဲ့အပိုင်းကို Crop လုပ် ဆွဲကြည့်ယူတာနဲ့ ဘယ်ဟာ ပိုကောင်းသလဲ ဆိုတာ သိမြင်ပါလိမ့်မယ်။ ဒီတော့ ကိုယ်ရိုက်ချင်တဲ့ အရာနဲ့ ဝေးနေတယ်ဆိုရင် Zoom ဆွဲမယ့်အစား နီးနိုင်သမျှ နီးအောင် သွားရပါမယ်။
၂) Original Mode ကိုသာ သုံးပါ။
ကင်မရာတွေမှာ Mode အသီးသီး ရှိပါတယ်။ Evening mode လား၊ Morning mode လား၊ night mode လား အစရှိသဖြင့် ရှိပါတယ်။ mode တွေ ဘယ်လောက်ပဲ ရှိရှိ Original နဲ့ ရိုက်ပြီးတော့ ပုံကို Edit လုပ်တဲ့အခါမှ mode ပြန်ပြင် နိုင်ပါတယ်။ အကယ်၍ Evening mode နဲ့ ရိုက်ထားဖြစ်ရင် အချို့ဖုန်းဆိုရင် ပြန် edit လုပ်တဲ့အခါ Orignal mode ကို ပြန်ဆင်းလို့ မရတော့ ပါဘူး။ အဲ့ကျရင် edit ရ ပိုလို့ ခက်ခဲ ပါလိမ့်မယ်။ ပြီးတော့ Camera 360 နဲ့ အခြားသော ပြင်စရာ app များစွာ ရှိပေမယ့် သူတို့က ပြင်စရာ App ပါ။ ရိုက်စရာ App မဟုတ်ပါဘူး။ Instagram တောင်မှ ပုံရိုက်ပြီးမှ သူ့ထဲ ပြန်ထည့် ပြင်တာ အကောင်းဆုံး ဖြစ်ပါတယ်။
၃) လက်ငြိမ်ငြိမ်ထားပါ
ကင်မရာ ဘယ်လောက်ကောင်းကောင်း၊ Image Stable ဖြစ်အောင် ထိန်းနဲ့ နည်းပညာတွေ ဘယ်လောက်တိုးတက်ပါစေ ပုံကောင်းကောင်း ထွက်ချင်ရင် လက်ငြိမ်အောင် ထိန်းသင့်ပါတယ်။ အကယ်၍ လက်တင်စရာ ရှိရင် တင်ထားပြီး တင်စရာ မရှိရင် ဖုန်းက သေးတယ်ဆိုရင် လက်တစ်ဘက်ရဲ့ လက်ခုံးပေါက် တံတောက်ဆစ်တင်တဲ့ အနေအထားနဲ့ ရိုက်နိုင်ပါတယ်။ အကယ်၍ ဖုန်းက အဲ့လောက် မသေးဘူး လက်နှစ်ဘက်လိုတယ်ဆိုရင်လည်း နှစ်ဘက်စလုံး ပေါင်းလို့ ခပ်ငြိမ်ငြိမ်လေးဖြစ်အောင် ကိုင်နိုင်ပါတယ်။
၎) အသံတိုး အသံချဲ့ buttom ကို သုံးလို့ ရိုက်ပါ
ဖုန်းတွေမှာ အသံတိုး အသံချဲ့ buttom ကို သုံးလို့ ရိုက်လို့ရတယ် ဆိုတာကိုရော သိကြပါသလား.. တကယ့် ကင်မရာ ကိုင်တဲ့ အရသာကို ရရှိစေဖို့ ဖုန်း ကုမ္ဗဏီများက ဖန်တီးပေးထားပါတယ်။ အရင် ဖုန်းအဟောင်းများတော့ မသိ iPhone, Samsung, နဲ့ အခြားသော ဖုန်း brand အများစုရဲ့ ၂၀၁၂ လော်ကကနေ စထုတ်တဲ့ ဖုန်းများက သုံးလို့ရ ပါတယ်။ Screen ပေါ်က button ကို သုံးဖို့ ကြိုးစားနေရင် တစ်ခါတစ်လေ လက်မငြိမ်ပါဘူး။ ဒီမှာ exception တစ်ခု ရှိပါတယ်။ buttom ကို သုံးတယ် ဆိုတာ landscape ရိုက်မှပါ။ Potrait (ဒေါင်လိုက်) ရိုက်ရင်တော့ screen ထဲက နှိပ်စရာက ပိုအဆင်ပြေ ပါတယ်။
၅) ရိုက်ကွက် အနေအထားကို သိပါ
Landspace ပုံစံလိုချင်လား၊ Potrait ပုံစံ လိုချင်လား ကိုယ်တိုင် စဉ်းစားပါ။ Landspace က ကင်မရာက လှဲ လိုက်တဲ့ အနေအထားဖြစ်ပြီး Potrait က ဖုန်းကို အထောင်လိုက် အနေအထား ဖြစ်ပါတယ်။ အကယ်၍ ရှုခင်းပုံ ရိုက်တယ်ဆိုရင် Landspace က အကောင်းဆုံး ဖြစ်ပြီး လူတစ်ဦး သို့မဟုတ် Object တစ်ခုခုကို ဦးတည်တယ်ဆိုရင် ထောင်လိုက်က ကောင်းပါတယ်။ ဒါပေမယ့် နောက်ခံ ရှုခင်းနဲ့ လူကိုပါ ပါစေချင်တယ်ဆိုရင် Landspace ပုံ ရိုက်နိုင်ပါတယ်။
၆) Focus ငြိမ်အောင် စောင့်ပါ
ယခု နောက်ပိုင်းဖုန်းတွေမှာ ဆိုရင် Auto Focus တွေ ပါပါတယ်။ Auto Focus ကို မိမိက Focus ထားချင်တဲ့ အရာအပေါ် ရောက်အောင် လက်နဲ့ တို့ထိပြီးတော့ ဆွဲယူပါ။ ပြီးရင် Focus ငြိမ်အောင် ခဏ စောင့်ပါ။ Focus မငြိမ်သေးပဲ ရိုက်မိရင် ပုံက မကောင်းတော့ ပါဘူး။
၇) HDR mode ဖွင့်ထားပါ
HDR mode ဖွင့်ထားရင် ဖုန်းတွေမှာ ပုံ နှစ်ပုံ ရိုက်ပေးတာမျိုးတို့ အချို့ဖုန်းမှာ လုပ်ပေးပါတယ်။ တစ်ပုံကို ပုံမှန်ပုံ ရိုက်ပေးပြီး နောက်တစ်ပုံကို HDR mode နဲ့ ရိုက်ပါတယ်။ HDR Mode ကို ကိုယ်ရိုက်မယ့် ရိုက်ကွင်းရိုက်ကွက်မှာ လူများများ ပါတယ်၊ Object အများကြီးပါတယ်ဆိုရင် ဖွင့်ထားသင့်ပါတယ်။ ဒါဆိုရင် အားလုံးရဲက ရုပ်ထွက်ကို ကောင်းအောင် လုပ်ပေးပါတယ်။ Hight Definition Resolution ဖြစ်ပါတယ်။
၉) ပုံများများ ရိုက်ပါ
ရိုက်ကွင်း တစ်ကွက်ထဲမှာ တစ်ပုံပဲ မရိုက်ပါနဲ့။ အထူးသဖြင့် လူပုံတွေကို ရိုက်တဲ့အခါ ဖြစ်ပါတယ်။ မျက်လုံးမိတ်သွားတဲ့အခါ ရှိမယ်။ အမူအရာပျက်တဲ့အခါ ရှိမယ်။ ဒါကြောင့်မို့ ရိုက်တဲ့အခါ ပုံတွေ အများကြီး ဆက်တိုက်ရိုက်သင့်ပါတယ်။ ၅ပုံ၊ ၆ ပေါက်လောက် ဖြစ်ပါတယ်။ ပြီးတော့မှ ကိုယ်က အကောင်းဆုံးလို့ ထင်တဲ့ ပုံကို ရွေးချယ် နိုင်ပါတယ်။
၁၀) အလင်းရောင်ကို ကောင်းကောင်း အသုံးချပါ
ပုံရိုက်တဲ့အခါ လူ သို့မဟုတ် Object တစ်ခုခုကို ရှင်းရှင်းလင်းလင်း မြင်ချင်ရင် အလင်းရောင် လာရာဘက်ကို မျက်နှာမူပြီးတော့ မရိုက်သင့်ပါဘူး။ ဥပမာ ကိုယ်ရိုက်တဲ့လူက နေရောင်လာတဲ့ဘက်မှာ ရှိနေတယ် ဆိုရင် ပုံရိုက်တဲ့အခါ လူဟာ မည်းနေပါလိမ့်မယ်။ အဲ့လိုအခြေအနေကျရင် လူကို နေရောင်ဘက်ကို မျက်နှာမူစေပြီး ကိုယ်က နေရောင်ကို နောက်ကျော ယူလို့ ရိုက်သင့်ပါတယ်။ ဒါက နေရောင်ကိုပဲ ပြောတာ မဟုတ်ပါဘူး။ ဘယ်အလင်းရောင်တွေတွက် မဆို ဖြစ်ပါတယ်။ အလင်းရောင်ကို မဆန့်ကျင်ရပါဘူး။ အလင်းရောင်ကို အသုံးချရန်သာ ဖြစ်ပါတယ်။ ဒါပေမယ့် ထန်းပင်ကြားထဲကနေ နေရောင်ခြည်ထွက်လာတဲ့ ပုံရိုက် ရိုက်ချင်တယ် ဆိုရင်တော့ တစ်မျိုးပေါ့။ ညဘက်မှာ ရိုက်ရင်လည်း အလင်းရောင်လာရာကို ပိုလို့တောင် မဆန့်ကျင် သင့်ပါဘူး။
၁၁) Flash ကို သတိထားပါ
ဖုန်းတွေရဲ့ Flash တွေ တိုးတက်လာတယ်ပဲ ပြောပြော ကျနော်ကတော့ ယနေ့အချိန်ထိ Flash ဖွင့်ရိုက်ရင် လူ့မျက်လုံးက မြေခွေး မျက်လုံး လို အလင်းရောင် ထွက်သွားတာမျိုး၊ မူလ Object ရဲ့ အရောင်ကို ကွဲပြားသွားစေတာမျိုးတို့ ဖြစ်သွားပါတယ်။ အကောင်းဆုံး နည်းလမ်းကတော့ သူငယ်ချင်းရှိရင် ကိုယ်ရိုက်တဲ့အချိန် သူ့ဖုန်းကို Flash လေး ဖွင့်ထားပေးပါလားလို့ အကူအညီတောင်းသင့် ပါတယ်။ အကယ်၍ ကိုယ့်မှာ ဖုန်းနှစ်လုံး ရှိရင် သူများအကူအညီမလိုတော့ပါဘူး။ ဒါပေမယ့် လက်မငြိမ်ဘူးဆိုရင်တော့ အခြားလူကို အကူအညီတောင်းနိုင်ပါတယ်။ ဒီတော့ကာ အကူသုံးမယ့် မီးက အဖြူရောင်ပဲ ဖြစ်ဖို့ လိုအပ် ပါတယ်။ အနီရောင်၊ အစိမ်းရောင် အစရှိသဖြင့် မီးများကို မသုံးပါနဲ့။
၁၂) Resolution အမြင့်နိုင်ဆုံး မြင့်အောင် ယူပါ
ဖုန်းတွေမှာ ပုံကို 960×580, 2860×1500 အစရှိသဖြင့် ရွေးခွင့်တွေလည်း ပေးထားပါတယ်။ အဲ့ဒါတွေကို ရွေးခွင့်ပေးထားသည့်တိုင် ကိုယ်ကတော့ Resolution အမြင့်ဆုံးကို့ပဲ ရွေးချယ်သင့်ပါတယ်။ ပြီးတော့မှ ကိုယ်လိုသလောက် ပြန်ဖြတ်ယူနိုင်မှာမို့ ဖြစ်ပါတယ်။
၁၃) ရိုက်ကွင်းရိုက်ထွက် ထောင့်ချိုး၊ အမြင့် အနိမ့် သိပါစေ
သာမန်အားဖြင့် လူပုံ ကို ချိန်မယ်ဆိုရင် ဖုန်း screen ထဲမှာ ပေါ်လာပါမယ်။ အဲ့ဒီမှာ ကြည့်ပါ။ ကိုယ့်အနေနဲ့ ကင်မရာကို ကင်မရာလို့ မမြင်တော့ပဲ ဒါကို မဂ္ဂဇင်းသို့မဟုတ် ကိုယ်မြင်ချင်တဲ့ စာမျက်နှာ တစ်ခုခု ပေါ်မှာ မြင်မယ့်အရာတစ်ခုအဖြစ် မြင်ကြည့်လိုက်ပါ။ စောင်းနေလား၊ တည့်နေလား ပေါ့။ စောင်းတာကိုလိုချင်လို့ idea ဆန်းပြီး စောင်းအောင်ရိုက်သူများလည်း ရှိပါတယ်။ ပြီးတော့ ကိုယ်ရိုက်မယ့် သူက အရပ်ပုရင် အပေါ်စီးကနေ မရိုက်ပါနဲ့။ အောက်ကနေ ပင့်ရိုက်သင့်ပါတယ်။ ဖုန်းကို ကိုင်တဲ့အခါ ကိုယ်ရိုက်မယ့် Object ကို အောက်ကနေလား၊ အလယ်ကနေလား၊ အပေါ်ကနေလား ကိုယ်တိုင် ချင့်ချိန်ယူနိုပါတယ်။ ကျနော်ပြောခဲ့သလိုပဲ သူ့ကို ကိုယ်မြင့်ချင်တဲ့ မဂ္ဂဇင်းပေါ်က အရာတစ်ခုအဖြစ် ခံစားပြီးတော့ ရိုက်ကူးရမှာ ဖြစ်ပါတယ်။
၁၄) Software တစ်ခုခုနဲ့ ပြန် Edit လုပ်ပါ
Software လို့ခေါ်တဲ့အခါ ဖုန်း ဆော့ဖ်ဝဲ ရှိတယ်။ ကွန်ပြူတာ ဆော့ဖ်ဝဲ ရှိပါတယ်။ ဖုန်းဆော့ဖ်ဝဲ ဆိုရင် Instagram, Snapseed, Camear 360 အပြင် အခြားသော Software များစွာလည်း ရှိပါတယ်။ ကွန်ပြူတာပေါ်မှာဆိုရင်တော့ အားလုံး သိကြတဲ့အတိုင်း Adobe Photoshop တို့လိုမျိုးတွေ ရှိပြီး Online ဆိုရင် picmonkey.com တို့လို အပြင် အခြား များစွာ ရှိပါတယ်။ Flicker iOS ဆိုတာကိုလည်း အနောက်တိုင်းမှာ အသုံးများပါတယ်။ ပြီးရင် ကိုယ်လိုချင်တဲ့ အပိုင်းကို Crop လုပ်၊ အရောင်ပေါင်း တို့ကို လုပ်လိုက်ရင် Perfect ဖြစ်တဲ့ ပုံများ ထွက်ပါပြီ။
အကြံပြုချက်
ကိုယ်သိထားရမှာက ဖုန်းကင်မရာဟာ ပရော်ဖက်ရှင် ကင်မရာ မဟုတ်တာကြောင့် သိပ် မျော်လင့်ချက် အကြီးကြီး မထားစေဖို့ ဖြစ်ပါတယ်။ ဘာလို့လဲဆို လူတစ်ယောက်ရဲ့ မျက်နှာပုံကို ရိုက်ရင် DSLR က Zoom တွဲကြည့်တဲ့အခါ ပုံထွက်အိုကေပြီး အဆီပေါက်တွေမှာ မြင်နိုင်ပေမယ့် ဖုန်းကတော့ ရမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကိုယ်သုံးနေတဲ့ ဖုန်းရဲ့ လုပ်နိုင်တဲ့ အလုပ်များကို သိထားဖို့ လိုအပ်ပါတယ်။ သူ့ရဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်ချက်၊ သူ့မှာ ပါဝင်နေတဲ့ Function တွေကို လေ့လာကြည့်ပါ။ ကလိကြည့်ပါ။ ကိုယ့်ဖုန်းကိုယ် ကလိရတာ ပိုက်ဆံ မပေးရ ပါဘူး။ ယခု ဖော်ပြချက်ကတော့ ကင်မရာဖြင့် ဓာတ်ပုံ ရိုက်နိုင်ရန် စတင်ကြိုးစားနေသူများအတွက် Beginner guide သာ ဖြစ်ပါတယ်။